A screenshot of one of the slides
board

Public Narrative Workshop Slides – Burmese ပုံပြင်ပြောခြင်းဖြင့် ဦးဆောင်မှုပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ

Hsu Hsu, Moh Moh Lwin, Zarni Lynn Kyaw
  • Type

    Guides and slides

  • Region

    Asia

  • Practice

    Public narrative

  • Language

    English

This is a set of slides in Burmese for public narrative workshops based on the work of Marshall Ganz.

ဒီ PowerPoint လေးကတော့ ခေါင်းဆောင်မှုနဲ့ စည်းရုံးလှုံ့ဆော်ရေး အပိုင်းတွေမှာ သုံးလို့ရတဲ့ “ပုံပြင်ပြောခြင်းဖြင့် ဦးဆောင်မှုပေးခြင်း” (Public Narrative) ဆိုတဲ့ နည်းလမ်းကို မိတ်ဆက်ပေးထားတာပါ။ မူလဖန်တီးရှင် Marshall Ganz ရဲ့အခြေခံ သဘောတရားတွေကို ရယူထားပြီး၊ မြန်မာနိုင်ငံမှာ ဒီပရောဂျက်တွေကိုကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံရှိ သင်တန်းဆရာတွေက အချိန်ယူ ပြင်ဆင်ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒါဟာ မူရင်းစာသားတွေကို တိုက်ရိုက် ဘာသာပြန်ထားတာမျိုး မဟုတ်ပါဘူး။ အခက်အခဲတွေ၊ အကျပ်အတည်းတွေကြားထဲကနေ အပြောင်းအလဲတစ်ခုဖြစ်လာအောင် ကြိုးစားနေကြတဲ့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမှန်တကယ် ကိုက်ညီမှုရှိစေဖို့ မြန်မာ့လူမှုရေးနဲ့ ယဉ်ကျေးမှု နောက်ခံအခြေအနေတွေနဲ့ လိုက်ဖက်အောင် သေချာ ဂရုတစိုက် ပြင်ဆင်မွမ်းမံထားတာပါ။ ကိုယ့်လူမှုအသိုင်းအဝိုင်းကနေစပြီး ကျန်းမာရေးစနစ်တွေ တည်ဆောက်ဖို့နဲ့ စုပေါင်းလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြသူတွေရဲ့ လက်တွေ့ဖြတ်သန်းမှုတွေအပေါ်မှာ အခြေခံထားပါတယ်။ မြေပြင်အတွေ့အကြုံ အများကြီးရှိပေမယ့် တရားဝင် ခေါင်းဆောင်မှုသင်တန်းတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ လူကြီးပိုင်း သင်ယူသူတွေအတွက် ရည်ရွယ်ပြီး ဒီသင်ခန်းစာတွေကို ဖန်တီးထားတာပါ။

ဒီဆလိုက် (Slides) တွေကို ခေါင်းဆောင်မှု သင်တန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ သင်တန်းဆရာတွေအနေနဲ့ ခေါင်းဆောင်မှုကဏ္ဍမှာ ကိုယ်ပိုင်ဇာတ်လမ်းတွေက ဘာကြောင့် အရေးပါသလဲဆိုတာကစပြီးမိမိကိုယ်ပိုင်ဇာတ်လမ်း (Story of Self – ကိုယ်ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ)၊ မိမိတို့အဖွဲ့အစည်းရဲ့ ဇာတ်လမ်း (Story of Us – ကိုယ့်အသိုင်းအဝိုင်းရဲ့ တူညီတဲ့ ခံယူချက်နဲ့ ရည်ရွယ်ချက်)၊ နဲ့ ယခုလက်ရှိဇာတ်လမ်း (Story of Now – အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စနဲ့ တောင်းဆိုချက်) စတဲ့ အဆင့်တစ်ဆင့်ချင်းစီကို ရှင်းပြပေးသွားမှာပါ။ 

အဲဒီနောက် သင်တန်းသားတွေက အုပ်စုငယ်လေးတွေဖွဲ့ပြီး ကိုယ့်ရဲ့ ဇာတ်လမ်းတွေကို ပြောပြလေ့ကျင့်ကြရင်း အချင်းချင်းဆီကနေရော၊ သင်တန်းဆရာတွေဆီကနေပါ အကြံပြုချက် (Feedback) တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Presentation လေးဟာ သဘောတရားတွေကို နားလည်စေမယ့် လမ်းညွှန်တစ်ခုဖြစ်သလို၊ လက်တွေ့အသုံးချနိုင်မယ့် လေ့ကျင့်ခန်းလမ်းညွှန်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီ Presentation ကို အခြေခံထားတဲ့ သင်တန်းတွေကိုတော့ Community Partners International (CPI) နဲ့ Equity Initiative (EI) Myanmar Fellows အစီအစဉ်တို့ကနေ ဦးဆောင်ကျင်းပတာဖြစ်ပြီး၊ လူတစ်ဦးချင်းစီဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ အပြောင်းအလဲတွေကို အတူတကွ ဦးဆောင်နိုင်ဖို့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ သင်တန်းခန်းမထဲမှာတင် မကဘဲ၊ ဒီ “ပုံပြင်ပြောခြင်းဖြင့် ဦးဆောင်မှုပေးခြင်း” ဆိုတဲ့ နည်းလမ်းဟာ ခေါင်းဆောင်တွေအတွက် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်း၊ အဖွဲ့အစည်းတွေနဲ့ တောင်းဆိုလှုံ့ဆော်မှု (Advocacy) လုပ်ငန်းခွင်တွေမှာပါ ရေရှည်အသုံးချနိုင်မယ့် ခိုင်မာတဲ့ ဆက်သွယ်ရေး လက်နက်ကောင်းတစ်ခု

ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ကိုယ်ပိုင် အလုပ်ရုံဆွေးနွေးပွဲတွေ စီစဉ်တဲ့အခါ အကူအညီဖြစ်စေဖို့ “သင်တန်းဆရာများအတွက် လမ်းညွှန် (Guide for Trainers)” ကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ သင်တန်းတွေရေးဆွဲဖို့ လမ်းညွှန်မှု ဒါမှမဟုတ် အကူအညီတွေ ထပ်လိုတယ်ဆိုရင်တော့ resources@leadingchangenetwork.org ကို အချိန်မရွေး လွတ်လွတ်လပ်လပ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။

This PowerPoint introduces public narrative as a framework for leadership and organizing, drawing on the foundational work of Marshall Ganz and developed by trainers with experience in public narrative projects in Myanmar.

This is not a direct translation of the original material. It is a careful adaptation shaped to Myanmar’s social and cultural realities, developed to resonate with Myanmar civil society organizations and health workers navigating change in complex and often difficult contexts. The concepts and practices have been grounded in the lived experiences of people working collectively to build health systems and organized action from within their communities. The materials were designed with adult learners in mind, people with substantial field experience but limited exposure to formal leadership development frameworks.

The slides are used in multi-day leadership workshops. Facilitators use them to introduce each element of the Public Narrative arc, beginning with why story matters in leadership, then guiding participants to identify their own Story of Self (a defining challenge and the values it revealed), their Story of Us (shared identity and purpose with their community), and their Story of Now (the urgent challenge and the ask). Participants then practice delivering their narratives in small groups and receive peer and facilitator feedback. The presentation functions as both a conceptual primer and a practical workshop guide.

Workshops based on this presentation are implemented by Community Partners International (CPI) and the Equity Initiative (EI) Myanmar Fellows program to strengthen the capacity of individuals and groups to lead change together. Beyond the training room, the Public Narrative framework is intended to equip leaders with a durable communication tool they carry into their communities, organizations, and advocacy spaces.

For support in planning your workshops, please refer to the Guide for Trainers. For coaching or additional support in designing workshops, please reach out to resources@leadingchangenetwork.org.

Resource Information

Want to access the full resource?

Become a Leading Change Member!

  •  Access exclusive resources and contents
  •  Connect with organizers and trainers around the world
  •  Participate in member-only learning opportunities

YOU MIGHT LIKE

Feminist Liberatory Facilitation in Community Organizing Session Write-up

Feminist Liberatory Facilitation in Community Organizing Session Write-up

English Coaching Public narrative Relationship building Team structure Strategy Action Articles Public I am a coach or trainer Global

This is a write-up of the Feminist Liberatory Facilitation in Community Organizing session, facilitated by Hoda Barakat in February 2026.

From Fragments to Threads: How to Document a Campaign

From Fragments to Threads: How to Document a Campaign

English Coaching Public narrative Relationship building Team structure Strategy Action Guides and slides Public I am an organizer Global

This is a practical guide to capturing the essential threads of a campaign in real time, ensuring that the story, power, and learning aren’t lost once the campaign is over.

Protest doesn’t scare the Trump administration. Organizing does. (Article)

Protest doesn’t scare the Trump administration. Organizing does. (Article)

English Coaching Public narrative Relationship building Team structure Strategy Action Articles Member-only I am new to organizing I am an organizer North America

This is an article written by Elizabeth McKenna, published in the Boston Globe, about the impact of organizing of Ohio Organizing Collective under the Trump administration.

Presentación del libro ¡Sí se puede! Estrategias para organizarse y cambiar el mundo, de Marshall Ganz

Presentación del libro ¡Sí se puede! Estrategias para organizarse y cambiar el mundo, de Marshall Ganz

Spanish Coaching Public narrative Relationship building Team structure Strategy Action Videos Public I am new to organizing Latin America

Marshall Ganz shares part of his story and introduces the central ideas of community organizing as a practice of collective leadership for building power and achieving social change in Monterrey, Mexico, in December 2022.

Community Organizing Workshop Participant Guide – Indonesian Kepemimpinan &  Pengorganisasian

Community Organizing Workshop Participant Guide – Indonesian Kepemimpinan & Pengorganisasian

Indonesian Coaching Public narrative Relationship building Team structure Strategy Action Guides and slides Member-only I am an organizer I am a coach or trainer Asia

This is a guide in Indonesian for participants of community organizing workshops based on the work of Marshall Ganz.

Slides for upfront teaching – French

Slides for upfront teaching – French

French Guides and slides Member-only I am a coach or trainer Africa Europe

These slides are an excerpt from the presentations used during Marshall Ganz's Paris tour in June 2026.

Slides for upfront teaching – Spanish

Slides for upfront teaching - Spanish

Spanish Coaching Public narrative Relationship building Team structure Strategy Action Guides and slides Member-only I am a coach or trainer Europe Latin America

This is a set of 295 slides that can be used to teach the leadership practices of organizing upfront (before small group or breakout room practice), updated and rebranded in 2026, and then translated to Spanish.

One-on-one relationship building model by Nneka Akubeze and Doris Likwelile

One-on-one relationship building model by Nneka Akubeze and Doris Likwelile

English Relationship building Videos Public I am new to organizing I am an organizer Africa

This is a one-on-one relationship building model shared by Nneka Akubeze and Doris Likwelile at a community organizing workshop co-hosted by MS TCDC and Leading Change Network in 2024 in Arusha, Tanzania.

finger

The Resource Center thrives on the generosity of people like you.

Share your wisdom with the community. Submit a resource today!

Share With the Community arrow